တွံတေးမြို့ ထိုင်သပိတ်ကို တပ်အင်အားအလုံးအရင်းဖြင့် ဖြိုခွင်း၊ ၃ ဦး ဒဏ်ရာရ
DVB
·
March 13, 2021
တွံတေးမြို့ ရွှေဆံတော်ဘုရားခြေရင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ထိုင်သပိတ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကား ၁၅ စီးကျော် စစ်သားအင်အားအလုံးအရင်းနဲံ လာရောက်ဖြိုခွဲခဲ့ပါတယ်။
ကျည်အစစ်တွေနဲ့လည်း ပစ်ခတ်တယ်လို့ ဒေသခံကပြောပြီး လတ်တလောမှာတော့ ဒဏ်ရာပြင်းထန်သူ ၁ ယောက်အပါအအဝင် ၃ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
မြို့ထဲက လမ်းတွေကိုလည်း ၀င်ရောက်ပစ်ခတ်နေပြီး အခု ညနေ ၄ နာရီကျော်အထိ ပစ်ခတ်နေဆဲဖြစ်ပါတယ်။