မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ဘေးက ရွာတွေစုပေါင်းပြီး မတ်လ ၁၂ ရက်နေ့က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဧရာဝတီတော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
လှုပ်ရှားမှုမှာ ဆင်ကျွန်း၊ နန်းတော်ကျွန်း၊ စွန်းလွန်း၊ ဥဒေါင်း၊ သပြေသာ၊ မြသီတာ၊ သမင်ခြံ၊ ပေါက်ဝဲ၊ ကြိမ်တော စတဲ့ ကျေးရွာတွေက တောင်သူ လယ်သမားတွေ၊ လူငယ်တွေ စုစုပေါင်း အင်အား ထောင်ချီပါဝင်ခဲ့ကြပါတယ်။
ဧရာဝတီတော်လှန်ရေးကို ဧရာဝတီမြစ်ဘေးမှာပဲလုပ်ခဲ့ပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။