ကယားပြည်နယ်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတဲ့ပြည်သူတွေကို ရဲနဲ့စစ်တပ်က နေ့စဉ်ရက်ဆက်အကြမ်းဖက်ဖြိုခွင်းမှုတွေလုပ်ဆောင်ပြီး လွိုင်ကော်မှာတော့ ဒီကနေ့ မတ်လ ၁၂ ရက်နေ့က ရပ်ကွက်အလိုက် လူတွေစုရုံးပြီး ဆန္ဒပြခဲ့ကြပါတယ်။
လွိုင်ကော်မြို့တွင်း နာနတ်တော၊ ချိကယ်၊ ဒေါဥခူ၊ မိုင်းလုံး၊ မင်္ဂလာစတဲ့ ရပ်ကွက်တွေမှာ ရပ်ကွက်အလိုက် သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြခဲ့ကြပြီး ချိကယ်၊ နာနာတ်တောနဲ့ မိုင်းလုံးရပ်ကွက်မှာတော့ ရဲနဲ့စစ်တပ်တွေက ရာဘာကျည်၊ မျက်ရေယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ ပါတယ်။
အလားတူ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာလည်း ပြည်သူလူထုတွေက မြို့နယ်အလိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြပါတယ်။