ဧရာဝတီတိုင်း ကျိုက်လတ်မြို့က အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေး ဆန္ဒပြနေကြတဲ့ ပြည်တွေဟာ မြို့ပေါ်နဲ့ ရပ်ကျေးတွေမှာ လုံခြုံရေး အင်အားနဲ့ လှည့်ကင်း ပတ်ကင်းတွေ များလာတာကြောင့် မတ်လ ၁၁ ရက်နေ့က မြစ်ကြောင်းတလျှောက် ရေယာဉ်တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
မြို့ထဲမှာ အရင်ရက်တွေ ဆန္ဒပြတဲ့အခါ လုံခြုံရေး အစောင့်တွေကို ရှောင်ကွင်းလို့ ရပေမဲ့ အခုရက်တွေ လုံခြုံရေးတွေ ပိုများလာတာကြောင့် ထိပ်တိုက်မတွေမဲ့ ရေလမ်းမှာပဲ ဆန္ဒပြတာလို့ ကျောင်းသား သမဂ္ဂဝင်တဦးက ပြောပါတယ်။
ဒီကနေ့ ဆန္ဒပြသူတွေထဲမှာ ပညာရေးဌာန၊ ကျောင်းသား သမဂ္ဂတွေ၊ ရင်ခင်မဲ့အမျိုးသမီးများအဖွဲ့နဲ့ အလွှာစုံက ပြည်သူ ၁၅၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။