DVB
ပဲခူးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် မဇင်း ၁ လမ်းထိပ်အနီးမှာ အမျိုးသား ၁ ဦး ဦးခေါင်းကျည် ထိမှန် သေဆုံးခဲ့ပြီး ၁ ဦး ခြေထောက်ကျည်ထိမှန်ခံခဲ့ရပါတယ်။
ဒါ့အပြင် CDM လုပ်တဲ့ မီးရထားဝန်ထမ်းတွေ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အများအပြားဖမ်းဆီးခံရပြီး အချုပ်ကား ၂ စီးနဲ့ ခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
လက်တလောမှာတော့ ဘယ်သူတွေ အဖမ်းခံတဲ့ထဲ ပါတယ်ဆိုတာကို အချင်းချင်း စစ်ဆေးနေပြီး ၇ ဦး ရဲ့အမည်တွေကိုပဲ သိရသေးတယ်လို့ ဆန္ဒပြအဖွဲ့မှာ ပါဝင်သူတွေက ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့မနက်ပိုင်းက ပဲခူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ၂ ကြောင်းခွဲ ဆမ္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့က စစ်ကြောင်း ၂ ခုလုံးကို ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ္။