Home
မြန်မာသတင်း
“ပြေးသံလွှားသံတွေ၊ အားလို့အော်သံတွေ၊ ဒီမှာထိပြီ၊ ဟိုမှာလည်း တယောက်နဲ့ မြင်မကောင်းဘူး။”
DVB
·
March 13, 2021
160556597_757271268496700_1261461817092469081_n
160518906_757271328496694_8606545140262088981_n
160367040_757271025163391_6150713113922232962_n
160326726_757271361830024_2428362178583201863_n
160285571_757271488496678_4979731922151631280_n
160242356_757271235163370_4006642826898900205_n
160232850_757271298496697_6776174897805665057_n
160108763_757271528496674_2221354025623272750_n
160080495_757271445163349_5415098848891576371_n
160071292_757271148496712_7040370752588606655_n
160043241_757271171830043_3809500762968474401_n
160033042_757271401830020_4209737381572995500_n
159628186_757271061830054_4588346354687797920_n
159342117_757271198496707_3053388972099716548_n

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၉၁ လမ်း ၄၁ လမ်းထောင့်မှာ ဒီနေ့မနက် စစ်အာဏာရှင် ဆန်ကျင်ရေးထိုင်သပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းမှုကြောင့် ၃ ဦး ကျဆုံးပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

လုနာတင်ယဉ်ပေါ်ပါလာတဲ့ လူငယ်တဦးက “ထိုင်သပိတ်လုပ်နေကြတဲ့ လူငယ်တွေက အတော်သတ္တိကောင်းကြတယ်။ သူတို့ထိုင်သပိတ်လုပ်နေတုန်း မကြာဘူး မီးခိုးဗုံးတွေနဲ့ပစ်၊ သေနတ်တွေနဲ့ ဒလစပ်ပစ်ခတ်တာပဲ၊ တက်လာတာ မြင်မကောင်းဘူး။ ပြေသံလွှားသံတွေ၊ အားလို့အော်သံတွေ၊ ဒီမှာထိပြီ ဟိုမှာလည်း တယောက်နဲ့ မြင်မကောင်းဘူး။ ကားပေါ်အတင်းဆွဲတင်သွားတာ ၁၅ ယောက်လောက်တော့ရှိမယ်။ လူနာတင်ယဉ်တွေကတော့ မနားတမ်း တင်လိုက်သွားလိုက်နဲ့။ သေဆုံးတာက သုံးယောက်ရှိပြီ၊” လို့ ပြောပါတယ်။

အတော်ရက်စက်ကြတဲ့ မြင်ကွင်းပဲလို့ အခင်းဖြစ်နေရာက မျက်မြင်ဦးလေးကြီးတဦးက ပြောပါတယ်။

“အမျိုးသမီး တစ်ယောက် ခေါင်းထိထားလို့ သွားကယ်တာ၊ လုံးဝ အကယ်မခံပါဘူး။ သွားကယ်တဲ့လူ‌တွေကို သေနတ်နဲ့ထပ်ပစ်တယ်။ ဘုန်းကြီး တစ်ပါးလည်း သေနတ် မှန်ထားပါတယ်။ အာဏာသိမ်းစစ်တပ်က မီးစက်ကြီးကိုလည်း ဘူဒိုဇာနဲ့လှန်သွားတာ ဦးလေးရှေ့မှာ”

စစ်အာဏာရှင်အလိုမရှိကြောင်း မဟာအောင်မြေမြို့နယ် ထိုင်သပိတ်မှာ ပြည်သူတွေ၊ ရဟန်သံဃာတွေ၊ ကျောင်းသား ကျောင်သူတွေ၊ ဌာနဆိုင်ရာပေါင်းစုံက ဝန်ထမ်းတွေ စုစုပေါင်း ၁၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024