စစ်အာဏာရှင်အလိုမရှိကြောင်း ဒီကနေ့မနက် အစောပိုင်း ပဲခူးမြို့ရဲ့ သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ လိုက်လံဖြိုခွင်းနေတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
အဓိကနေရာတွေဖြစ်တဲ့ မဇင်းဘူတာခုံးတံတား၊ စျေးကြီးတံတားပေါ်နဲ့ မဂ္ဂတစ်မီးပွိုင့်တို့မှာ စစ်ကား ရဲကားအမြောက်အမြား နေရာယူထားပြီးနောက် မနက် ၉ နာရီခွဲလောက် မှော်ကန်ရပ်ကွက်အတွင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ သဗိတ်စစ်ကြောင်းကို စတင်ဖြိုခွင်းခဲ့တာပါ။
ဆန္ဒပြသူတွေ လူစုခွဲလိုက်ပြီး အခြားနေရာတခုမှာ သွားရောက်ဆန္ဒဖော်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။