မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy ဟာ မတ်လ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက မတရားဖမ်းဆီးခံထားရတဲ့ ရာပေါင်းများစွာသော ကျောင်းသားတွေနဲ့ ငြိမ်း ချမ်းစွာ ဆန္ဒပြသူတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံဖို့ အင်းစိန်ထောင်ကို သွားရောက်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုအပြီး အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း ပြင်သစ်သံအမတ်က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီး အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပြုလုပ်နေကြတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ် ၈ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲပြစ်ဒဏ်ချမှတ်ခဲ့သူပေါင်း ၁၇၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
Photo- French Embassy