Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် CDM ကျောင်းဆရာ/ဆရာမများကို ရဲတပ်ဖွဲ့က ခြိမ်းခြောက်
DVB
·
March 9, 2021
Ingapure CDM Teacher by force 1
Ingapure CDM Teacher by force 2
Ingapure CDM Teacher by force 3

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားက ကျောင်းဆရာ/ဆရာမတွေက  စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာ  ဆက်လက်ပါဝင် လုပ်ဆောင်နေကြပါတယ်။

CDM လှုပ်ရှားတာနဲ့ ဆန္ဒပြပါဝင်သူတွေကို မြို့နယ်အဆင့်အရာရှိတွေက အစပိုင်းမှာ ခေါ်ယူညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေက လိုက်နာခြင်း မရှိခဲ့ပါဘူး။

အခုမတ်လ ၇ ရက်ကစပြီး  CDM ပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီး အရေးယူမယ်ဆိုပြီး သူတို့နေထိုင်ရာနေအိမ်တွေကိုလာရောက်ပြီး ဖိအားပေးခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ CDM မှာ ပါဝင်တဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ 

 "ကျနော်တို့ လင်မယား နှစ်ယောက်လုံး ပညာရေးဝန်ထမ်း ဆရာနဲ့ဆရာမလေ။ ခုအင်္ဂပူမြို့နယ်ထဲက ညောင်ကျိုးစခန်းက စခန်းမှူးနဲ့ ဒုရဲအုပ်က ခင်ဗျားတို့ကို ဖမ်းမယ်၊ ထောင်ချပြစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်။ မကြာမကြာ ကျနော့် လက်ကိုင်ဖုန်းကို ဆက်တယ်။ အခုဆို နှစ်ယောက်လုံး  ရှောင်နေရတယ်။ ကျနော်လိုမျိုး ပညာရေး ဝန်ထမ်းတွေ အကုန်နီးပါး ရှောင်နေရတယ်။ အခုလို ဖိအားပေးပေမဲ့ ကျနော်တို့ ပညာရေး ဝန်ထမ်းတွေက အဆုံးအထိ CDM လုပ်ဖို့ ဆုံးဖြတ်ပြီးသားပါ”။

အင်္ဂပူမြို့နယ်အတွင်း  CDM လှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက  အရေအတွက်  အများဆုံး ပါဝင်နေကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024