ပခုက္ကူတွင် ကျောင်းသားနှင့် ပြည်သူ ၇ ဦး ဖမ်းဆီးခံရ
DVB
·
March 9, 2021
ပခုက္ကူတက္ကသိုလ်မှာ စစ်တပ်တွေ တပ်စွဲထားတာကို အလိုမရှိတဲ့အတွက် မတ်လ ၈ ရက် ညနေက ဆန္ဒပြတဲ့ ကျောင်းသားတွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။
ခုလို အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ကျောင်းသားနဲ့ ပြည်သူ ၇ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံတဝန်းက တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေမှာ စစ်တပ်က တပ်စွဲထားတဲ့အတွက် ဒေသခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြပါတယ်။