ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှဦ မတ်လ ၈ ရက် ညနေ ၅ နာရီခန့်က ရွှေကျောင်းကုန်း ရပ်ရှိ အကင်ဆိုင်မှာ ထိုင်နေတဲ့ ကိုညီညီသိန်းတန်(ခ)ဖိုးညီကို စစ်သားနဲ့ရဲတွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး မြို့မရဲစခန်းမှ တဆင့် ည ၇ နာရီခွဲလောက်မှာ ဗန်းမော် အကျဉ်းထောင်ကို ပို့ဆောင်ခဲ့လိုက်ပါတယ်။
ကိုညီညီသိန်းတန်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲမှာ လုံခြုံရေးပိုင်းမှာ တာဝန်ယူ ပေးသူ လူငယ်တစ်ဦးဖြစ်ပြီး မည်သည့် လူမှုစည်းကမ်းနဲ့ ရာဇဝတ်မှုတွေကိုမှ ချိုးဖောက်ကျူးလွန်ထားခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကိုညီညီသိန်းတန်ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး ဗန်းမော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒထုတ်ဖော်သူတွေအထဲမှာ ပထမဆုံးအကြိမ်အဖြစ် တရားစွဲဆိုခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။