ဧရာဝတီတိုင်း ညောင်တုန်းမြို့က CDM မှာပါတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ စုပေါင်းပြီးချီတက်ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညောင်တုန်းသပိတ်ကို ဒီနေ့မနက် ၉ နာရီလောက်က ၂၁ လမ်းထိပ်မှာ ရဲနဲ့ စစ်တပ်က ပစ်ဖောက် လူစုခွဲခဲ့ပါတယ်။
ရဲနဲ့ သပိတ်စစ်ကြောင်း ထိပ်တိုက်တွေ့ချိန်မှာ လူစုခွဲပေးနေချိန် အင်အားသုံး ဖြိုခွင်းဖမ်းဆီးသွားတာဖြစ်ပြီး ပြည်သူ ၂ ယောက်နဲ့ ဆိုင်ကယ် ၁ စီး ဖမ်းဆီးယူဆောင်သွားကြောင်း မျက်မြင်တွေက ပြောပါတယ်။
ဒီမတိုင်ခင် ညောင်တုန်း ဆန္ဒပြပြည်သူတွေ သပိတ်စစ်ကြောင်း စတင်ထွက်ရှိရာ နေရာမှာ စစ်ကား၊ အချုပ်ကားနဲ့ ရဲကားတချို့ ညောင်တုန်းမြို့ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ရောက်နေကြပါတယ်။