ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မတ်လ ၇ ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို လက်နက်ကိုင်ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းရာမှာ လူငယ် ၂ ဦး ရာဘာကျည်ဆန် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တို့နဲ့အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာမှာ လူငယ်နှစ်ယောက်ရဲ့ ပခုံးနဲ့ ပေါင်ကို ရာဘာကျည်ထိမှန်ခဲ့တာပါ။
ဒါ့အပြင် ရပ်ကွက်က ပြုလုပ်ထားတဲ့ အကာအရံတွေကိုလည်း ဘူဒိုဇာတွေနဲ့ ဖျက်ဆီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
တောင်ကြီးမြို့မှာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေး၊ ဝန်ထမ်းများ CDM ပြုလုပ်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို ရဲနဲ့ စစ်တပ်က ဒီနေ့မနက် အင်အားသုံး ဖြိုခွဲခဲ့ပေမဲ့ လူထုကတော့ နေရာရွှေ့ပြောင်းပြီး ဆက်လက်ဆန္ဒပြနေဆဲလို့ သိရပါတယ်။