စစ်အာဏာရှင်ဆန့်ကျင်ရေး ပျဉ်းမနားလူငယ်များ ဆက်လက်ဆန္ဒပြ
DVB
·
March 7, 2021
ဒီကနေ့ မတ်လ ၇ ရက်နေ့မှာလည်း ပျဉ်းမနားမြို့က လူငယ် အင်အား ၅၀ ခန့်လောက်ဟာ အာဟာရသုခစျေးထဲမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လူငယ်တွေဟာ မနေ့ကလည်း ပျဉ်းမနားမြို့မစျေးနားမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြပြီး ဒီနေ့မှာတော့ လုံခြုံရေးအခြေနေကြောင့် အခုလို နေရာပြောင်းပြီး ပြုလုပ်ကြတာဖြစ်ပါတယ်။
နောက်ရက်တွေမှာ စုစည်းရသလောက် လူအင်အားနဲ့ အထိခိုက်မခံဘဲ ဆက်လက်ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သွားကြမယ်လို့ လူငယ်တွေက ပြောပါတယ်။