မန္တလေးမြို့ ၄၉ လမ်း၊ ၁၁၁ လမ်းအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းပစ်ခတ်မှုကြောင့် ရင်ဘက်အထက်ပိုင်းကို သေနတ်ကျည်ထိမှန် ကျဆုံးခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇော်မျိုး ရဲ့ ဈာပနအခမ်းအနားကို မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဈာပနအခမ်းအနားမှာ လွမ်းသူပန်းခွေတွေချတာ၊ စစ်အာဏာရှင်စနစ်ကျရှုံးရေး ကြွေးကြော်သံတွေနဲ့ ပြည်သူထောင်နဲ့ချီက အေးရိပ်ငြိမ်သုဿန်ကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
သေဆုံးသူ ကိုဇော်မျိုး ဟာ စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖြိုခွင်းဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လာမယ့်လမ်းကို ပိတ်ဆို့ဟန့်တားပေးခဲ့သူဖြစ်ပါတယ်။
ကိုဇော်မျိုးလွင်မှာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ သူ့ရဲ့ ဦးလေးအရင်းဖြစ်သူက မွေးစားထားပြီး ဇနီး၊ အသက် ၅ နှစ်ကျော်သားနဲ့ ၄ လသား ကိုယ်ဝန်တို့ ကျန်ခဲ့ပါတယ်။