မကွေးမြို့မှာ မတ်လ ၆ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့မှ လိုက်လံဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
မကွေးမြို့ သစ္စာလမ်းနဲ့ပြည်တော်သာလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တက္ကသိုလ်ကျောင်းသားလူငယ်တွေ မြို့ခံပြည်သူတွေက အထိုင်သပိတ်ပြုလုပ်ခဲ့သလို သိင်္ဂါရပ်ကွက်၊ မကြီးကန်ကျေးရွာ၊ ယင်းဆိပ်ကျေးရွာတွေမှာလည်း ချီတက်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပြည်တော်သာလမ်းနဲ့ သစ္စာလမ်းတလျှောက်မှာ ပြည်သူတွေက ရဲကားနဲ့ စစ်ကားတွေ အလွယ်တကူ မလာနိုင်အောင် အကာအရံတွေ ပိတ်ဆို့ထားပေမယ့် ပြည်တော်သာလမ်းက အကာအရံတွေကို ဖယ်ရှားဝင်ရောက်ပြီး ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်း ခံရတာတွေလည်းရှိတယ်လို့ မြို့ခံပြည်သူတွေက ပြောဆိုနေပြီး ဘယ်နှယောက်ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မကွေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြုပွဲတွေကို ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်ပြီးတော့ နည်းလမ်းမျိုးစုံ နေ့စဥ်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။