ဝိုင်းမော်တွင် လောက်စာလုံးအရွယ် မိုးသီးကျ
DVB
·
March 6, 2021
ကချင်ပြည်နယ်ဝိုင်းမော်မြို့မှာ မတ်လ ၅ ရက်နေ့ ညနေ ၆ နာရီလောက်က အချိန်အခါမဟုတ် မိုးရွာ လေးပြင်းတိုက်ပြီး လောက်စာလုံးအရွယ် မိုးသီးတွေ ကျခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လေပြင်းကြောင့် မြို့တွင်းလိုင်းတွေ မီးပျက်သွားတာရှိတယ်လို့ လျှပ်စစ်ရုံးတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
ဝိုင်းမော်မြို့အပြင် ဧရာ၀တီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမှာလည်း အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တယ်လို့ သိရပါတယ်။