စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တွေ ဖွဲ့စည်းမှု ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီလို့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က သိရပါတယ်။
မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက မြို့နယ် ၃၀ မှာ ဖွဲ့စည်းပြီးဖြစ်ကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ၇ မြို့နယ် ကျန်ရှိနေပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေပညာရှင်တွေနဲ့ မြို့မိမြို့ဖ၊ CDM ပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်း၊ (G-Z) လူငယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေနဲ့ ပါဝင်ထိုက်သူတွေ ပါဝင်ပြီး အနည်းဆုံး ၁၁ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ CRYH ရဲ့ အဖွဲ့ဝင်တဦးကပြောပါတယ်။
ကျန်ရှိတဲ့မြို့နယ်တွေမှာလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်လက်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။