မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ် အစိုးရဝန်ထမ်း ၁၀ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာကြပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ကြိုးစားတိုက်ထုတ် တွန်းလှန်နေသော ပြည်သူလူထုနဲ့ တသားတည်းဖြစ်အောင် မတ် ၅ ရက်နေ့ကစပြီး ရုံးမတက်ဘဲ ရုန်းထွက်ခဲ့ကြတာလို့ ဆိုပါတယ်။
စစ်အစိုးရရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတာဖြစ်ပြီး အလုပ်နုတ်ထွက်တာ မဟုတ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပါဝင်တာလို့ ဆိုပါတယ်။
ပြည်သူ့အစိုးရ ပြန်လည်တက်ရောက်ပါက လုပ်ငန်းတာဝန် ပြန်လည်ထမ်းဆောင်မယ်လို့ ရုံးကြေညာစာနဲ့တကွ တရားဝင်ဖော်ပြထားပါတယ်။
CDM မှာ ပါဝင်လာသူတွေကတော့ ကြီးကြပ်ရေးမှူးအပါအဝင် ဝန်ထမ်း ၁၀ ဦး ပူးပေါင်း ပါဝင်ခဲ့ကြတာပါ။
ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း သထုံခရိုင်ရှိ ပညာရေးဝန်ထမ်းအများစု CDM မှာ ပါဝင်ခဲ့ကြပြီး ခရိုင်အဆင့်ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တချို့လည်း CDM ပူးပေါင်းပါဝင်လာကြတာပါ။