မတ်လ ၂ ရက်နေ့က ကလေးမြို့ ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းကြောင့် ကျည်ထိမှန်ကျဆုံးခဲ့တဲ့ မောင်ဇင်မျိုးမောင် စျာပနကို ဒီနေ့ နေ့လယ်ပြုလုပ်ခဲ့ပြီး ကလေးလူထု သောင်းချီ လိုက်ပို့ခဲ့ကြပါတယ်။
မတ်လ ၂ ရက်နေ့က ကျည်ထိမှန်ပြီး မတ်လ ၃ ရက်နေ့မှာ ဆုံးသွားတဲ့ ကလေးမြို့ စက်မှုဇုန်မှာနေတဲ့ မောင်ဇင်မျိုးမောင် ၁၈ နှစ်ရဲ့ စျာပနကို နေ့လယ် ၂ နာရီ စက်မှုဇုန် သုဿာန်ကို ပို့ဆောင်ခဲ့တာပါ။
မောင်ဇင်မျိုးမောင်ဟာ မတ် ၂ ရက်နေ့ သပိတ်ဖြိုခွင်းမှုမှာ ဂျိုင်းအောက် နဲ့ ပေါင်အရင်း ကျည်ထိမှန်ခဲ့ပြီး အရေးပေါ် ကုသဖို့ မန္တလေးကို ပို့ဆောင်စဥ် နောက်တစ်ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
မောင်ဇင်မျိုးမောင် စျာပနမှာ လိုက်ပါပို့ဆောင်ခဲ့သူ ပြည်သူတွေက စစ်အာဏာရှင် ကျဆုံးရေး ဒီမိုကရေစီ ရရှိရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။