သာကေတမြို့နယ် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်တပ်တားဆီး
DVB
·
March 5, 2021
ရန်ကုန် သာကေတမြို့နယ် သပိတ်စစ်ကြောင်းကို မနက် ၁၀ နာရီလောက်က လက်နက်ကိုင် ရဲနဲ့စစ်တပ် ပူးပေါင်းအဖွဲ့က လာရောက်တားဆီးခဲ့ပါတယ်။
အဲ့ဒီအပြင် လမ်းပေါ်မှာကာထားတဲ့ အကာအရံတွေကိုဖယ်ရှားကာ သာကေတမြို့နယ် မြင်တော်သာလမ်းတစ်လျှောက် ပစ်ခတ်မှုတချို့လည်း ပြုလုပ်ခဲ့တာပါ။
လမ်းတစ်လျှောက်ဆန္ဒပြသူတွေကတော့ ရဲနဲ့စစ်တပ်ကို ထိပ်တိုက်တွေ့တာမရှိဘဲ လမ်းဖယ်ပေးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှင်းသွားတဲ့အခါ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။