မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ခံရမှုတွေကြားက ရက်မပျက်ချီတက်ခဲ့ ကြပါတယ်။
လူငယ်အများစုပါဝင်တဲ့ ဒီပင်မသပိတ်စစ်ကြောင်းက လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်တွေ့တာမျိုးမလုပ်ဘဲ ရှောင်ရှားကာ ရပ်ကွက်တွေအတွင်း ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြပြီး လူစုခွဲခဲ့ကြပါတယ်။
မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရဲ၊ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် လူ ၈ ဦးသေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။ အဲဒီထဲက တစ်ချို့ကိုတော့ မနေ့က သင်္ဂြိုဟ်ခဲ့ပြီး တချို့ကိုတော့ ဒီနေ့ဆက်လက်သင်္ဂြိုဟ်မှာလည်းဖြစ်ပါတယ်။
မုံရွာမြို့ကို စစ်တပ်အင်အားတွေလည်း တိုးချဲ့ထားပြီး မြို့တွင်းရပ်ကွက်တွေကို စစ်ကြောင်းထိုးမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။