စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း မတ်လ ၃ ရက်နေ့က စစ်တပ်၊ ရဲတို့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မန္တလေးမြို့မှာ သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့တဲ့ ကိုမျိုးနိုင်လင်းရဲ့ ဈာပနအခမ်းအနားကို သူ့ရဲ့ ဇာတိ ဆားလင်းကြီးမြို့နယ် ဆုံတားကျေးရွာမှာ ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုမျိုးနိုင်လင်းက မန္တလေးမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တိုက်ပွဲမှာ မကြယ်စင် ကျဆုံးခဲ့တဲ့ နေရာအနားမှာ ရင်ဘတ်သေနတ်မှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
ဒီစျာပနာ အခမ်းအနားကို လက်ပံတောင်းတောင်၊ ကြေးစင်တောင်မှ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေ၊ CDM မှာပါဝင်နေကြတဲ့ ဆရာ ဆရာမတွေ၊ ဒေသခံတွေ သောင်းချီ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။