မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်စနစ်ကျရှုံးရေး အကြမ်းမဖက်လှုပ်ရှားမှုမှာ ကျဆုံးသွားခဲ့သူ ၁၁ ဦးကို ဒီမိုကရေစီသူရဲကောင်းများအဖြစ် ဂုတ်ပြုမှတ်တမ်းတင် အလေးပြုကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာရှင်တို့ရဲ အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်မှုအပေါ် ပြည်သူအပေါင်းရဲ့ ခေါင်းမငုံ့ ဦးမညွတ်ဘဲ အမှန်တရားကို ချစ်မြတ်နိုးမှု၊ နိုင်ငံသားအချင်းချင်းရဲ့ ချစ်ကြည်လေးစားမှုနဲ့ စည်းလုံးညီညွတ်မှု၊ အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန်အနစ်နာခံမှုများဟာ နိုင်ငံသူနိုင်ငံသားများအတွက်သာမက ကမ္ဘာသူကမ္ဘာသားတို့ရဲ့ နှလုံးသည်းပွတ်မှာ နက်နက်ရှိုင်းရိုင်းတည်ရှိနေတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းအတွင်း ကျဆုံးသွားသူတွေကတော့
၁။ ကိုနပွား (ခ) ကိုကိုဦး အသက် ၃၂ နှစ် (ဖေဖော်ဝါရီ ၈ ရက်)
၂။ ကိုဝေယံထွန်း အသက် ၁၆ နှစ် (ဖေဖော်ဝါရီ ၂၀ ရက်)
၃။ ကိုမင်းမင်း (ခ) သက်နိုင်ဝင်း အသက် ၃၂ နှစ် (ဖေဖော်ဝါရီ ၂၀ ရက်)
၄။ ကိုကြည်စိုး အသက် ၃၈ နှစ် (ဖေဖော်ဝါရီ ၂၀ ရက်)
၅။ ကိုရာဇာအောင် အသက် ၂၆ နှစ် (ဖေဖော်ဝါရီ ၂၀ ရက်)
၆။ ကိုထက်ခေါင်ကျော် အသက် ၂၈ နှစ် (ဖေဖော်ဝါရီ ၂၈ ရက်)
၇။ အပု (ခ) ဒေစီ အသက် ၃၂ နှစ် (ဖေဖော်ဝါရီ ၂၈ ရက်)
၈။ ကိုမောင်မောင်ဦး အသက် ၄၁ နှစ် (ဖေဖော်ဝါရီ ၂၈ ရက်)
၉။ ကိုမျိုးနိုင်လင်း (ခ) ဖိုးလင်း အသက် ၃၉ နှစ် (မတ် ၃ ရက်)
၁၀။ မကြယ်စင် အသက် ၁၉ နှစ် (မတ် ၃ ရက်)
၁၁။ ကိုဇင်ကိုကိုသော် အသက် အသက် ၂၂ နှစ်