Homeမြန်မာသတင်း
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြေမြှုပ်ပစ်သည့်ပုံစံပြုလုပ်ပြီး ကျိန်စာတိုက်
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြေမြှုပ်ပစ်သည့်ပုံစံပြုလုပ်ပြီး ကျိန်စာတိုက်
DVB
·
March 4, 2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့က လူငယ်တွေဟာ ဒီကနေ့ သံတွဲချောင်းနားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်းဘုတ်တွေကိုင်ဆောင် ဆန္ဒပြခဲ့သလို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကို မြေမြှုပ်ပုံစံနဲ့ ကျိန်စာတိုက်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် လုပ်ဆောင်တဲ့အဓိပ္ပာယ်လည်း ဖြစ်တယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
သံတွဲမြို့ပေါ်က ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီး ပိတ်ဆို့ခဲ့တာကြောင့် လူငယ်တွေဟာ ငပလီနဲ့ သံတွဲမြို့မှာ အခုလို လှုပ်ရှားမှုတွေ နေရာအနှံ့လုပ်နေကြပါတယ်။