မန္တလေး စစ်အာဏာရှင်ပြုတ်ကျရေး ထိုင်သပိတ် အကြမ်းဖက် ဖြိုခွင်းခံရ
DVB
·
March 3, 2021
မန္တလေးမြို့ ၈၄ လမ်း၊ လမ်း ၃၀ မှာ စစ်အာဏာရှင်ပြုတ်ကျရေး ထိုင်သပိတ်ကို မတ်လ ၃ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်။
ထိုင်သပိတ်မှာ သံဃသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ ပညာရေးဝန်ထမ်းတွေ ပါဝင်ကြပြီး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြနေတဲ့အချိန် သေနတ်ပစ်ဖောက်တာ၊ မျက်ရည်ယိုဗုံးပစ်တာတွေ ရှိခဲ့ပါတယ်။
ဒီလို အကြမ်းဖက်တာတွေရှိခဲ့ပေမယ် ဒဏ်ရသူနဲ့ ဖမ်းဆီးခံရသူမရှိဘူးလို့ ကနဦး သိရပါတယ်။