Home
မြန်မာသတင်း
ကလေးမြို့၌ သပိတ်စစ်ကြောင်းကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်း၊ အမျိုးသား ၅ ဦး ကျည်ထိမှန် ၃ ဦး အပြင်းထန်ဒဏ်ရာရ
DVB
·
March 2, 2021
154640525_3682746685106956_3652325929183773936_n
154603379_3682746948440263_8731070993506364090_n
154560553_3682746638440294_5530759803644378756_n
153486286_3682746751773616_130931438993672962_n

ကလေးမြို့မှာ  မတ်လ ၂ ရက်နေ့မနက်က  စစ်အာဏာရှင်တော်လှန်ရေးသပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့်အမျိုးသား ၅  ယောက် ကျည်ဆန် ထိမှန်ခဲ့ပြီး ၃ ယောက်က အပြင်း အထန် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူ ၅ ယောက်ထဲက ၂ ယောက်ကို  ကာယကံမေတ္တာ အခမဲ့ဆေးခန်းမှာ အသေးစား ကုသပေးနေပြီး ဒဏ်ရာပြင်းထန်သူ ၃ ယောက် ကိုတော့ Royal City ပုဂ္ဂလိက ဆေးရုံမှာ ကုသပေးနေပါတယ်။ 

ဒဏ်ရာပြင်းထန်ရရှိသူတွေဟာ ပေါင်၊ ရင်ဘတ်နဲ့ ချိုင်းအောက် နေရာတွေမှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တာပါ။ 

ဒီကနေ့ ကလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်မှာ သေဆုံးသူ ရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ ဒီသတင်းတွေကို ဒီဗွီဘီအနေနဲ့  အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါတယ်။

မင်းရဲစစ်နိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024