ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မတ် ၂ ရက်နေ့ မနက်ပိုင်းမှာ မြို့တွင်း လှည့်လည်ဆန္ဒပြနေတဲ့ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့တို့ နောင်စွန်းတံတားထပ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့အရာရှိနဲ့ တာဝန်ရှိသူတွေက သပိတ်စစ်ကြောင်းကို ပိတ်ပင်တားဆီးတာတွေ မလုပ်တော့ပဲ အေးချမ်းစွာသွားခွင့်ပြုပြီး လူစုခွဲကြဖို့ မှာကြားကာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။
ပြည်သူအချို့ကတော့ လက်ခုပ်တီးကာပြည်သူ့ရဲ ပြည်သူ့ရဲလို့အော်သွားခဲ့ကြပါတယ်။
မိုးညှင်းမြို့မှာ ဆန္ဒပြ ရက် ၂၃ ရက်ကြာခဲ့ပြီဖြစ်ပြီး ရဲတပ်ဖွဲ့မှရေကား အချုပ်ကားတွေနဲ့ လမ်းပိတ်တားဆီးတာရှိပေမယ့် ပြဿနာတစုံတရာ မဖြစ်ပွားခဲ့ကြသေးကြောင်း သိရပါတယ်။