ရန်ကုန်၊ သာကေတမြို့နယ် အကြမ်းဖက်ဖြိုခွင်းမှုမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဆန္ဒပြပြည်သူ ၂၀၀ ကျော်ကို မတ်လ ၂ ရက် မနက်မှာ သာကေတအမှတ် ၂ ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က သာကေတမြို့နယ် သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူ ၂၀၉ ယောက်အထိ ရှိခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲက ၂၀၇ ဦးကို ဒီနေ့မနက် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂ ဦးကို ဆက်လက်ဖမ်းဆီး စစ်မေးနေတယ်လို့ ပြန်လွတ်လာသူတစ်ချို့က ပြောပါတယ်။
ကျန်ခဲ့တဲ့သူတွေက သူတို့ကို စစ်ဆေးတာမှာ သံသဖြစ်စရာတွေရှိနေတာကြောင့် ပြန်မလွှတ်သေးတာဖြစ်ပြီး အကျဉ်းဦးစီဌာနကို ဆက်သွယ်ကာ ဆက်လက်ဆောင်ရွက်မယ်လို့ အဖမ်းခံရသူတွေ ပြန်လွတ်မြောက်ရေး ဆောင်ရွက်ပေးသူ ရှေ့နေတွေက ပြောပါတယ်။
အခုပြန်လွတ်လာတဲ့သူတွေကလည်း အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးစစ်ဆေးခံရပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။