Home
မြန်မာသတင်း
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များက စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ
DVB
·
February 28, 2021
၁၁၁၁၁၁
၁၁၁၁၁
၁၁၁၁
၁၁၁
၁၁
၁၁၁၁

နာမည်ကြီး အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ လွင်မိုးနဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်စတဲ့ အနုပညာရှင်တွေဟာ  စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်   ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံရှေ့မှာ  လာရောက် ဆန္ဒပြခဲ့ကြပါတယ်။

“ဖမ်းလို့၊ ပစ်လို့ ကျွန်တော်တို့ လမ်းပေါ်မထွက်ရဲခဲ့ဘူးဆိုရင် ကျွန်တော်တို့ပြည်သူအားလုံး အညံ့ခံ အရှုံးပေးရာကျပါလိမ့်မယ်လို့ အကယ်ဒမီ မင်းမော်ကွန်းက သူရဲ့ ဖေ့စ်ဘွတ်ခ်မှာ  ရေးသားထားပါတယ်။

“နွေဦးတော်လှန်ရေးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြသော အာဏာရှင်စနစ်ဆိုးကြီးကို ဖီဆန်ရင်း ကျဆုံးခဲ့ကြသောအာဇာနည်သူရဲကောင်းများကို ဝမ်းနည်းစွာဖြင့် ဦးညွတ်အလေးပြုအပ်ပါသည်။ သို့သော်ဖမ်းလို့ ပစ်လို့ ၊ ကျွန်တော်တို့ လမ်းပေါ်မထွက်ရဲခဲ့ဘူးဆိုရင် ကျွန်တော်တို့ပြည်သူအားလုံး၊ အညံ့ခံအရှုံးပေးရာကျပါလိမ့်မယ်။ ဖမ်းတာပစ်တာ သူတို့အလုပ်။ ဆန့်ကျင်ရမှာကျွန်တော်တို့အလုပ်။ ဒီနေ့ပစ်နေခတ်နေတဲ့ကြားက ကျွန်တော်တို့တွေရအောင် ထွက်ခဲ့ကြတယ်။ လက်တွဲခဲ့ကြသောရဲဘော်ရဲဘက်၊ စာပေ၊ သဘင်၊ ဂီတ ရုပ်ရှင် မီဒီယာသူရဲကောင်းတွေ အားလုံးအားလုံးအတွက် ​သူရဲကောင်း ကျောင်းသားပြည်သူအားလုံးအတွက် ရင်ထဲကလှိုက်လှိုက်လဲလဲ ဂုဏ်ယူနေပါတယ်” 

ဒီကနေ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို   အာဏာသိမ်းစစ်ကောင်စီ ဩဇာခံ စစ်တပ်နဲ့ ရဲတို့က အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံး ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေအများအပြား ရှိခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024