မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ၂၁ ရက်မြောက်နေ့အဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ မနက် ၉ နာရီက စတင်ပြီးတော့ ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံအင်အား ၂၀၀၀၀ ကျော်နဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပူးပေါင်းပါဝင် လှည့်လည်ခဲ့ကြပါတယ်။
နေ့စဉ် စုရပ်ဖြစ်တဲ့ ပြည်သူ့ရင်ပြင်မှာ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပိတ်ဆို့တာတွေ၊ မြို့အတွင်း စစ်ကားတွေ၊ ရဲကားတွေ၊ ရေကားတွေ လှည့်လည်တာတွေ လုပ်ခဲ့ပေမဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေက သီးခြားစီစုရပ်လုပ်ပြီး ပင်မစုရပ်အဖြစ် ကမ်းနားဈေးကစတင်ကာ မြို့အတွင်း အောင်မြင်စွာ လှည့်လည်ခဲ့ကြတာပါ။