တောင်းတွင်းကြီး ဆန္ဒပြသူ ၄၀ ကျော် ဖမ်းဆီးခံရ
DVB
·
February 28, 2021
တောင်တွင်းကြီးမြို့မှာ အာဏာသိမ်းစစ်အစိုးရအလိုမရှိကြောင်း ဒီနေ့မနက်ဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က ပစ်ခတ်လူစုခွဲခဲ့ပြီး ၄၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားပြည်သူ သိန်းနဲ့ချီ ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ တောင်တွင်းကြီးမြို့မှာ ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာပါ။