ယုဇနပလာဇာ မင်္ဂလာဈေးအနီးသပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်တပ်က ပိတ်ဆို့ပြီး ပစ်ခတ်နေ
DVB
·
February 28, 2021
ရန်ကုန် ယုဇနပလာဇာနဲ့ မင်္ဂလာဈေးနားမှာ ကျောင်းသားသမဂ္ဂတွေအပါအဝင် သပိတ်စစ်ကြောင်း တော်တော်များများစုရုံးနေတုန်း ရဲနဲ့ စစ်တပ်တွေ ရောက်လာပြီး သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် ဖြိုခွဲလို့ လမ်းတွေထဲဝင် လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ မကြာခင်မှာပဲ လူပြန်စုပြီး ကြွေးကြော်သံတွေနဲ့ ဆက်လက်ဆန္ဒပြကြပြီး ရဲတွေက ပိတ်ဆို့ထားသလို မျက်ရည်ယိုဗုံးတွေ ဆက်တိုက် ပစ်ဖောက်နေတာကြောင့် စစ်ကြောင်းတွေ ထွက်ခွာလို့ မရသေးပါဘူး။