ထန်းတပင်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ
DVB
·
February 28, 2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့မှာ ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲကို အင်အားသောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာဒေသအတွင်းရှိ ကရင်၊ ကယား၊ မွန်၊ ပအို့ဝ် တိုင်းရင်းသားတွေေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်ပွဲကို ၂၀ ရက်နေ့မြောက်အဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ လူအင်အားအများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။