မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က ရေပူရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီက အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတက်ဖို့ ရုံးစာရေးက ပြည်သူတွေ ကပ်ထားတဲ့ ဗွီနိုင်းနဲ့ သော့တွေကို ရိုက်ဖျက်ပြီး ရုံးထဲဝင်ခဲ့တာကြောင့် ရပ်ကွက်သူရပ်ကွက်သားတွေက သံပုံးတီး မောင်းထုတ်ခဲ့ကြပါတယ်။
ရေပူရပ်ကွက်ဟာ ပြည်သူအုပ်ချုပ်တဲ့ ရပ်ကွက်အဖြစ် ကြေညာထားပြီး စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးကို လက်မခံကြောင်း ဗွီနိုင်းနဲ့စာကပ်ထားတာကို ရဲနှစ်ယောက်နဲ့ ရုံးစာရေးက သော့ဖျက်ဝင်ပြီး ဆွဲခွာသွားတယ်လို့ သိရပါတယ်။
ရဲနှစ်ယောက်ကတော့ ရပ်ကွက်သူရပ်ကွက်သားတွေ ရောက်လာချိန်မှာ ထွက်ပြေးသွားကြတယ်လို့ ရွာသူရွာသားတွေက ပြောပါတယ်။
ရပ်ကွက်သူရပ်ကွက်သားတွေက အုပ်ချုပ်ရေးမှူးအသစ်ကို လက်မခံတာကြောင့် ရေပူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခုံတွေနဲ့ အသေပိတ်လိုက်ပြီး သော့တွေလည်း အများကြီး ခတ်လိုက်တယ်လို့ ဆိုပါတယ်။
ရေပူရပ်ကွက်ဟာ ရပ်ကွက်က ပြည်သူအုပ်ချုပ်တဲ့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
ဟန်နာထက်အောင်