မြန်အောင်မြို့က ဆန္ဒပြသူများကို ရဲက လိုက်လံဖမ်းဆီးနေ
DVB
·
February 27, 2021
ဧရာဝတီတိုင်း မြန်အောင်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေကတော့ ရဲတွေနဲ့ ထိပ်တိုက်တွေ့တာတွေကို ရှောင်ရှားခဲ့ကြပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ ဖမ်းဆီးမိတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
မြန်အောင်မြို့နယ်မှာ ည ၈ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရနဲ့ လူ ၅ ဦး ၅ ထက်ပို မစုဝေးရအမိန့် ထုတ်ပြန်ထားပြီး ပြည်သူတွေကို အသံချဲ့စက်နဲ့ လိုက်လံအသိပေး ကြေညာနေပါတယ်။