ရန်ကုန် ၊ မြေနီကုန်းလမ်းဆုံနဲ့ လှည်းတန်းလမ်းမတလျှောက်မှာ ဒီနေ့မနက်ကစ ဆန္ဒပြသူတွေကို ရဲကအင်းအားသုံးဖြိုခွင်းပြီး ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။
ရန်ကုန်၊ လှည်းတန်းလမ်းမှာလည်း အသံဗုံးပစ်ဖောက်တာ၊ သေနတ်ပစ်ခတ်တာတွေလည်း ရှိခဲ့ပြီး သတင်းထောက် ၂ ယောက် အဖမ်းခံခဲ့ရပါတယ်။
၁၁ နာရီလောက်မှာလည်း မြေနီကုန်းလမ်းဆုံအနီး Live လွှင့်နေတဲ့ သတင်းထောက်တစ်ယောက်ကို ဖမ်းဆီးသွားပါသေးတယ်။
မနက် ၁၁ နာရီကျော်အထိ လှည်းတန်းလမ်းမပေါ်မှာလည်း စစ်ကားတွေရပ်ထားပြီး လမ်းသွယ်တွေထိပ်မှာ ရဲတွေစောင့်နေတုန်းပါ။
ရန်ကုန်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစလို့ ရဲတွေက ဆန္ဒပြသူတွေနဲ့ အရပ်သားတွေအပြင် သတင်းထောက်တွေကိုပါ ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်လာနေတာပါ။
ညီငယ်