NLD လွှတ်တော်အမတ် ဒေါ်ဝင်းမြမြနှင့် တိုင်းအလုပ်အမှုဆောင် ဖမ်းဆီးခံရ
DVB
·
February 27, 2021
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ဝင်ရောက်အရွေးခံပြီး အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါ်ဝင်းမြမြကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ ၆၂ လမ်းပေါ်က ပါတီရုံးရှေ့မှာ ထိုင်နေစဥ် မနက် ၁၀ နာရီကျော်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး ဒေါ်ဝင်းမြမြနဲ့အတူ တိုင်းအလုပ်အမှုဆောင် ဦးအေးသိန်းကိုပါ အမည်နဲ့တကွ လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ထိန်ထိန်လင်း