ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို သတင်းယူနေတဲ့ ဂျပန်နိုင်ငံသား သတင်းထောက် တစ်ယောက်ကို ရဲလုံခြုံရေးတပ်ဖွဲ့က ဒီကနေ့ဖေဖော်ဝါရီ ၂၆ ရက်မနက်မှာ ဖမ်းဆီးလိုက်ပါတယ်။
ဒီနေ့မနက် မြေနီကုန်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူထုကို ရဲတပ်ဖွဲ့က အဓမ္မဖမ်းဆီးနေတဲ့သတင်းကို ယူနေတဲ့ ဂျပန်လူမျိုး သတင်းထောက် Mr. Yuki Kitazumi ကို ရဲတွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ဂျပန်သတင်းထောက် တစ်ယောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတာကို ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Mr Katsunobu Kato က ဒီနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုကြောင်းပြောကြားခဲ့ပါတယ်။
ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကကလည်း ဒီကိစ္စ အလျင်အမြန် လိုက်လံဆောင်ရွက်နေပါတယ်လို့ ဂျပန်သတင်းတွေမှာ ထုတ်လွှင့် ဖော်ပြပါတယ်။
ဇော်ဇော်လှိုင်