မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရှောလီဝိုင်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၅ ရက်က CPRH ကို တာဝန်ခံသော ရပ်ကွက်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
မိုးကုတ်မြို့က ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်ထွေအုပ်ရုံးက ဖေဖော်ဝါရီ ၁၇ ရက်က စာထုတ်ပြီး တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။
အဲ့နောက်မှာတော့ မန္တလေးတိုင်းစီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ရပ်စဲတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးပြီး အုပ်ချုပ်ရေးမှူးအသစ်တွေကို ယာယီခန့်အပ် လိုက်ပါတယ်။
ခုလို အုပ်ချုပ်ရေးမှူးအသစ်တွေ ခန့်အပ်တာကို ရပ်ကွက်လူထုက ကန့်ကွက်ကြပြီး ပြန်လည်ခန့်အပ်ခံရတဲ့ တချို့အုပ်ချုပ်ရေးမှူးအဟောင်းတွေက တာဝန်ကို လက်မခံဘဲ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က ရေပူရပ်ကွက်မှာလည်း ဖွဲ့စည်းနေပြီး အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဟန်နာထက်အောင်