Homeမြန်မာသတင်း
မြောင်မြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ
မြောင်မြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ
DVB
·
February 25, 2021
စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင် မြောင်မြို့နယ် ပရိမ္မကျေးရွာအုပ်စုမှာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးသစ်ကို လက်မခံနိုင်တာကြောင့် ဒေသခံပြည်သူတွေ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံပြည်သူ ၁၀၀၀ လောက်က သံပုံးတီး ဆန္ဒထုတ်ဖော်ခဲ့ကြသလို အုပ်စုအုပ်ချုပ်ရေးမှူးရုံးကိုလည်း ချိတ်ပိတ်ခဲ့ကြပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။
ဌေးလှိုင်