ရန်ကုန်မြို့ သံရုံးများရှိရာလမ်းများကို ရဲတပ်ဖွဲ့က ဆက်လက်ပိတ်ဆို့တားဆီးထား
DVB
·
February 23, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာ ဆန္ဒပြသူတွေ ထိုင်သပိတ်လုပ်လေ့ရှိတဲ့ နိုင်ငံတကာ သံရုံးတွေရဲ့ရှေ့ လမ်းတွေကို ရဲတပ်ဖွဲ့ လုံခြုံရေး အတားအဆီးတွေနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်အထိ ပိတ်ထားဆဲဖြစ်ပါတယ်။
ဆန္ဒပြသူအများအပြားစုဝေးရာ ရန်ကုန်မြို့ရှိ တရုတ်သံရုံးနဲ့ အမေရိကန်သံရုံး ရှေ့လမ်းတွေအပြင် အင်ဒိုနီးရှား၊ အိန္ဒိယသံရုံးရှေ့တွေမှာပါ ပိတ်ဆို့ထားတာတွေ့ရပါတယ်။
၂ ငါးလုံး ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီး ပြုလုပ်ကြတဲ့ မနေ့ကစလို့ ရဲတပ်ဖွဲ့က ရန်ကုန်မှာ ပိတ်ဆို့ တားဆီးတာတွေ ပိုလုပ်လာတာတွေ့ရပါတယ်။
ညီငယ်