Home
မြန်မာသတင်း
ပုသိမ်တွင် ရဲတပ်ဖွဲ့တားမြစ်မှုကြားက ပြည်သူအင်အား ၅ သိန်းကျော် ဆက်လက်ဆန္ဒပြ
DVB
·
February 22, 2021
151269236_475284993504222_1794118676448795331_n
151259181_475285170170871_5995922806282832164_n
151235776_475284940170894_813367120876663183_n
151220919_475285043504217_6689266846911561410_n
150939090_475285380170850_2857310923482746222_n
150816398_475285203504201_6094840659896072444_n
150594830_475285406837514_1551907735018847935_n
150078734_475285486837506_4460597934742185314_n
149848972_475285526837502_1510372065798393255_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်ကစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ အာဏာရှင်စနစ်ကျဆုံးရေး၊ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး မြို့ခံပြည်သူတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အား ၅ သိန်းကျော်က ဆန္ဒပြခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လာရောက်ပြီး လူစုခွဲဖို့ ပြောဆိုခဲ့ပေမယ့် ပြည်သူတွေ၊ တက္ကသိုလ်ဘာသာပေါင်းစုံ သပိတ်နဲ့ ဆရာ ဆရာမတွေ အားလုံးပေါင်းကာ ပုသိမ်မြို့ပေါ်လမ်းတွေကို လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာရှင် ဆန့်ကျင့်ရေးဆန္ဒပြတဲ့ စစ်ကြောင်းဟာ မြို့တွင်းလမ်းတွေမှာ လုံခြုံရေးရယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့တော်ခန်းမရှေ့မှာ ထိပ်တိုက်တွေ့ဆုံတာတွေရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင်နဲ့ ညှိနှိုင်းတာတွေပြုလုပ်ပြီး ရှေ့ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မင်းထက်မုန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024