အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ရင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကြွေလွင့်သွားခဲ့ကြရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီကနေ့ မုံရွာမြို့မှာ အသံတိတ် ငြိမ်သက်ဆုတောင်းပေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စုရုံးခဲ့ကြပြီး ရဟန်းသံဃာတွေက မေတ္တာပို့တာတွေပြုလုပ်ခဲ့သလို ပြည်သူတွေကလည်း ၅ မိနစ်ငြိမ်သက်ကာ ဆုတောင်းအမျှပေးဝေခဲ့ကြပါတယ်။
ဒါ့အပြင် တက်ရောက်လာသူတွေထဲက အစုအဖွဲ့အလိုက် မကြောက်တရားတွေ ဟောပြောခဲ့ကြပြီး နေ့လယ်ပိုင်းမှာတော့ အတားအဆီးတွေ ဖယ်ရှားဖို့ ကြိုးစားခဲ့ရာကာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်အနေအထားဖြစ်ခဲ့ပေမယ့် သပိတ်စစ်ကြောင်းက နောက်ဆုတ်ပေးခဲ့တာကြောင့် ထိပ်တိုက်တွေ့ဆုံတာမျိုး မရှိခဲ့ပါဘူး။
အောင်ကိုလတ်