မန္တလေးမဟာအောင်မြေမြို့နယ် ၃၅ လမ်း ၈၀ လမ်းထောင့်မှာ သံဃာတော်တွေနဲံ ပြည်သူ ထောင်နဲ့ချီ ဒီနေ့ မွန်းလွဲ ၂ နာရီက ထိုင်သပိတ်လုပ်ခဲ့ပါတယ်။
စစ်အာဏာရှင်ဖြုတ်ချရေး၊ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဒီမိုကရေစီရရှိရေး၊ ကျန်ရှိနေတဲ့ဝန်ထမ်းများ CDM မှာ ပါဝင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၂ ရက်ကို CDM နေ့အဖြစ် တနိုင်ငံလုံးက သတ်မှတ်ပေးကြပြီး CDM ဝန်ထမ်းတွေကို CDM ရင်ထိုးတွေ ပေးအပ်ဂုဏ်ပြုမယ်လို့ သိရပါတယ်။
ထိုင်သပိတ်တွင် သံဃာတော်တွေ၊ မီးရထားဝန်ထမ်းတွေ၊ ဗကသကျောင်သားတွေ၊ မြန်မာဟိန္ဒူလူငယ်တွေနဲ့ ပြည်သူတွေ ဝင်ခဲ့ကြပါတယ်။