မိုးကုတ်ထွေအုပ်ဝန်ထမ်း ၇ ဦး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာ
DVB
·
February 21, 2021
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဝန်ထမ်း ၇ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
အစိုးရဘဏ်နဲ့ ထွေအုပ်ရုံးဟာ အနီရောင်ဖဲကြိုးလှုပ်ရှားမှုမှာ ပါဝင်လာကြပေမယ့် CDM မှာ မပါဝင်သေးတာကြောင့် ပြည်သူတွေက ရုံးတွေရှေ့မှာ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြခဲ့ကြပါတယ်။
CDM မှာ ပူးပေါင်းပါဝင်ပြီး ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြကြဖို့ ဝန်ထမ်းတွေကို ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
ဟန်နာထက်အောင်