Home
မြန်မာသတင်း
ယင်းမာပင်ဈေးသူ/သားများ CDM ဝန်ထမ်းများကို စားသောက်ကုန် ထောက်ပံ့
DVB
·
February 21, 2021
152635169_2687185414837351_2068591869121409351_n
152524886_2687185334837359_7705528233567712493_o
152183225_2687185384837354_2415614680241727553_o
152183225_2687185384837354_2415614680241727553_o

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှာ ​ဖေ​ဖော်ဝါရီ  ၂၁ ရက်​က ပြုလုပ်တဲ့ အာဏာသိမ်း စစ်​ကောင်စီဆန့်ကျင်ဆန္ဒပြပွဲ CDM မှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ​စျေးသူ​၊ စျေးသား​တွေနဲ့ပြည်သူ​​တွေက စု​ပေါင်းပြီး စား​သောက်ကုန်ပစ္စည်း​တွေ ​​ထောက်ပံ့ပေး​ဝေလှူဒါန်းခဲ့ ကြပါတယ်။

ထောက်ပံ့ကူညီလှူဒါန်းမှုမှာပါဝင်တဲ့ ​စျေးသူတစ်ဦးက "ဝန်ထမ်း​တွေ ကျမတို့နဲ့အတူ ရပ်တည်လာလို့ မိသားစုစိတ်ဓာတ်နဲ့ သူတို့ စိတ်အားမငယ်​အောင်လို့ အခုလို ပြည်သူ​တွေစု​ပေါင်းပြီး တတ်နိုင်သ​လောက် ပံ့ပိုးကူညီခဲ့တာပါ။ တချို့ ဝန်ထမ်း​တွေကလည်း တခြားပြည်သူ​တွေကို ​ရစေချင်လို့ မယူကြဘဲ ပြန်လှူခဲ့ကြတယ်” လို့ ပြောပါတယ်။

လှူဒါန်းပံ့ပိုးခဲ့တာ​တွေက​တော့ ဆန် ၁ ပြည်၊ ကြက်သွန် ၁ ပိဿာ၊ ခရမ်းချဥ်သီး ၁ ပိဿာ ဖြစ်ပြီး ၁ မျိုးကို အထုပ် ၁၅၀ ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024