မန္တလေးမြို့မှာ အကြမ်းဖက်ဖြိုခွဲပြီးနောက်တစ်ရက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက အင်အားသိန်းနဲ့ချီတဲ့ လူထုဟာ ဈေးချိုနာရီစင်အနီးမှာ စစ်အာဏာရှင်ပြုတ်ရေး ထိုင်သပိတ်လုပ်ခဲ့ပါတယ်။
ထိုင်သပိတ်မှာ ကျန်းမာရေးဝန်ထမ်းတွေ ပညာရေးဝန်ဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းသားလူထုတွေ ပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မန္တလေးမြို့ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ပစ်ခတ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ရာ ၂ ဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိတယ်။
အဲ့ဒီနေရာမှာ သေဆုံးခဲ့သူတွေနဲ့ ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ပေးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။
နိုင်လင်းဦး