စစ်အာဏာရှင်အလိုမရှိကြောင်း မန္တလေးတိုင်း အန်အယ်လ်ဒီပါတီဝင် ၅၀၀ ကျော် ဆန္ဒပြ
DVB
·
February 21, 2021
စစ်အာဏာရှင်အလိုမရှိကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဦးဆောင်ပြီး တိုင်းအတွင်းရှိ အဖွဲ့ချုပ်ဝင် ၅၀၀ ကျော်နဲ့အတူ ဝန်းရံထောက်ခံသူ ၅၀၀ ကျော်တို့ ဒီနေ့မနက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ချက်ချင်းလွှတ်၊ မတရားချိပ်ပိတ်ထားတဲ့ အဖွဲ့ချုပ်ရုံးတွေ အမြန်ပြန်ဖွင့်ရေးနဲ့ အာဏာသိမ်းအစိုးရအလိုမရှိကြောင်း သပိတ်စစ်ကြောင်းကို ၆၂ လမ်း ၃၅ လမ်းမှ စတင်ထွက်ကာ မန္တလေးမြို့အနံ့ လှည့်လည်သပိတ်မှောက်ပြီး CDM လုပ်ရှားမူကို ပူး ပေါင်းပါဝင်ခဲ့ကြပါတယ်။
အောင်အောင်နိုင်