ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြတဲ့ အာဇာနည်တွေအတွက် ဆုတောင်း မီးထွန်းပွဲကို အခုလ ၂၀ ရက်နေ့ညပိုင်းက ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
ရေးမြို့နေ မျိုးဆက်သစ်လူငယ် ၅၀ ဦးလောက်က စစ်အာဏာရှင် အလိုမရှိကြောင်း သီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပြီး မီးထွန်းဆုတောင်းခဲ့မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ရေးမြို့နေ လူငယ်တဦးက “ညနေပိုင်းမှာ အမေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီတိုက်ပွဲဝင်နေကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းစေဖို့ မြို့ခံတွေကလည်း ပဋ္ဌာန်းတရားတော်တွေ မြို့အနှံ့ ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ဆက်ပြီးတော့ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ ဆန့်ကျင်ကြောင်း နေ့တိုင်း တိုက်ပွဲဝင်သွားဦးသွားမှာ” လို့ ပြောပါတယ်။
ရေးမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခုလ ၈ ရက်နေ့ကစလို့ နေ့စဉ် လူဦးရေ သောင်းနဲ့ချီ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေကြတာပါ။
သတင်း - ဝင်းနိုင်သက်၊ ဓာတ်ပုံ - အံ့မှူးမဟာ